ရန်သူစစ်အုပ်စု အခြေပြုတပ်စခန်း နှင့် မီတာ ၄၀၀ အကွာတွင်ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင် ပြောက်ကျားသပိတ်
ရန်သူစစ်အုပ်စု အခြေပြုတပ်စခန်း နှင့် မီတာ ၄၀၀ အကွာတွင်ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင် ပြောက်ကျားသပိတ်
စက်တင်ဘာ ၂၅ ၊ ၂၀၂၃ ဝက်လက် စစ်အုပ်စု ၏ အခြေစိုက်တပ်စခန်း နှင့် မီတာ ၄၀၀ အကွာတွင် မိမိတို့ ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ (ဗ၊က၊သများအဖွဲ့ချုပ်) ၊ ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ (ဗ၊က၊သများအဖွဲ့ချုပ်) တို့မှ မြို့ပြနေလူထုအား စည်းရုံးလှုံဆော်သည့်အနေဖြင့် "လူထု သည် ပြောက်ကျား" ဆိုသည့် လူထုလှုံဆော်ရေး စာသားအား ကိုင်စွဲကာ စစ်အာဏာရှင်ဆန့်ကျင် ပြောက်ကျားသပိတ်ပွဲ ပြုလုပ်ခဲ့ပါသည်။ ဆန္ဒပြပွဲအပြီးတွင် အကြမ်းဖက် စစ်အုပ်စု ရန်သူ့တပ်စခန်း အနီး နှင့် ၎င်းဒေသ စျေးရှေ့ တွင် " လူထု သည် ပြောက်ကျား " ဆိုသည့် စာသားပါပိတ်စအား ချိတ်ဆွဲခဲ့ပါသည်။ " လူထု သည် ပြောက်ကျား" "အဖိနှိပ်ခံလူတန်းစားအားလုံး ညီညတ်ကြ" #သတင်းနှင့်ပြန်ကြားရေး #ဝက်လက်မြို့နယ်ကျောင်းသားများသမဂ္ဂ #ပြောက်ကျားသပိတ် #လူထု #ဆန္ဒပြပွဲ #ဝက်လက် #ဗကသများအဖွဲ့ချုပ်
စက်တင်ဘာ (၃၀)ရက်၊ ၂၀၂၃ တော်သလင်းလပြည့်နေ့ ညခါသမယ ညအချိန်တွင် တချို့သောဒေသ မှ လူထု၏ ရှေးဓလေ့အတိုင်း ဆီမီးထွန်းပွဲပြုလုပ်လေ့ရှိသည်။ ရပ်ရွာလူထုအား ဗကသများအဖွဲ့ချုပ်ဝင် ဝက်လက်မြို့နယ်အခြေခံပညာကျောင်းသားများသမဂ္ဂ ၊ အကသများ နှင့် မဟာမိတ်အဖွဲ့အစည်းများမှ ဦးဆောင်ကာ ညအချိန်၌ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြသည်။ "ဓါးမိုးထားသော အာဏာရှင်အား ဓါးထမ်း၍ ရင်ဆိုင်ရုံမှတပါး အခြားမရှိ"ဟူ၍ ကြွေးကြော်ပြီး လှည့်လည်ဆန္ဒပြခြင်း၊ သပိတ်တရားဟောခြင်းတို့ကိုလည်း ပြုလုပ်ခဲ့ကြသေးသည်။ #သတင်းနှင့်ပြန်ကြားရေး #ဗကသများအဖွဲ့ချုပ်.
Comments
Post a Comment